ကျွန်းစု စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျွန်းစုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ကျွန်းစုမြို့နယ်၊ မြို့မစခန်းမှူး ဒုရဲမှူးစံလှက လူကုန်ကူးခံရသည့် အကြောင်းအရာများ၊ မည်သူတွေ လူကုန်ကူးခံရသလဲ၊ လူကုန်ကူးမှုခံရပြီး ညှဉ်းပန်းနှိမ်စက်မှုဖြစ်စဉ်များစသည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ကျောင်းစာကြည့်တိုက်များ ရေရှည်ရှင်သန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)