သာယာဝတီမြို့တွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ်

သာယာဝတီ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၃၀ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအတွက် သြဂုတ်လ ၃၁ ရက် နေ့လယ် ၂  နာရီက ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကိုမြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့်  စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ဖျက်သိမ်းနေအိမ် (၁၃) လုံးအတွက် ပြောင်းရွှေ့စရိတ် တစ်ဆယ့်သုံးသိန်းကျပ်၊ လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ တစ်သိန်းသုံးသောင်းနှစ်ရာကျပ်၊ စုစုပေါင်း တစ်ဆယ့်လေးသိန်းသုံးသောင်းနှစ်ရာကျပ်တို့အား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)