ကော့ကရိတ်မြို့တွင် သဘာဝဘေးကြောင့်ပျက်စီးသွားသည့် မိုးစပါး၊ စိုက်ခင်းစိုက်တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေသြဇာထောက်ပံ့

ကော့ကရိတ် သြဂုတ် ၃၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် သြဂုတ်လ ပထမအပတ်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်/ချောင်းများရေလျှံကာ စပါးစိုက်ခင်းများ၊ ပျိုးခင်းများ အခြားသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ ပျက်စီးသွားသည့် မိုးစပါးများ၊ စိုက်ခင်းများ၊ အခြားသီးနှံများ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော မျိုးစပါးများ ဓာတ်မြေသြဇာများကို ယနေ့နံနက် ၁၁ နာရီချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား ပြန်လည်ထောက်ပံ့ ထုတ်ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက တောင်သူများအား အားပေးစကားပြောကြားပြီး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးချစ်ခိုင်က မိုးစပါးများအား ခေတ်သစ်ပျိုးထောင်နည်း၊ အစေ့ချစိုက်ပျိုးနည်း၊ ရွက်ဖျန်း မြေသြဇာများ စနစ်တကျထည့်သွင်းနိုင်စေရေး၊ ကျရောက်တတ်​သော ရောဂါပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းကောင်းများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထိုနောက် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၅)အုပ်စုမှ မိုးစပါးစိုက် တောင်သူ (၁၀၀၀) ကျော်၏ ထိခိုက်ပျက်စီးသွားသည့် စိုက်ၕက(၃၀၀၀)ကျော်အတွက် မိုးစပါးတင်း (၄၀၀)၊ ယူရီးယားဓာတ်မြေသြဇာအိတ် (၄၀၀)တို့ကို ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)