ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေး ရှင်းလင်းဆွေးနွေး

ဂန့်ဂေါ စက်တင်ဘာ ၁

မကွေးတိုင်း‌ဒေသကြီး၊ ဂန့်ဂေါမြို့၌ ဩဂုတ် ၃၀ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ချပြရှင်းလင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ ပြည်တွင်းအခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးတို့က စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် အခြားလုပ်ငန်းရှင်များအား ပြေစာများပေါ်တွင် အခွန်တံဆိပ်ကပ်နှိပ်ရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရေး ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)