မြဝတီ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ဇွန်)လများအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအား အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့် ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့် အဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်းသည့် ရင်သွေးများ မွေးဖွားနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားပေးသည်။
အဆိုပါထောက်ပံ့ကြေး ပေးအပ်ခြင်းကို အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦးတွက် ငွေကျပ်ငါးသိန်းလေးသောင်းနှင့် အသက်၂ နှစ်အောက်ကလေး ၄၂ ဦးတွက် ငွေကျပ် တစ်ဆယ်ခုနှစ်သိန်းလေးသောင်း စုစုပေါင်းငွေကျပ် နှစ်ဆယ် နှစ်သိန်း ရှစ်သောင်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။ အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)