ပလောက် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ပလောက်မြို့၊ မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပလောက်မြို့တိုက်နယ်ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်းကမိုးရာသီတွင် ဖြစ်ပွားတတ်သော ကလေးများတွင် အဖြစ်များသော ရာသီတုပ်ကွေးရဲ့လက္ခဏာတွေအကြောင်း၊ ရာသီတုပ်ကွေးဖြစ်ပွားတဲ့အကြောင်းအရာများ၊ ကြိုတင်ကာကွယ် ရေးအကြောင်း၊ကာကွယ်ရန်နှင့်ကုသရေးအကြောင်းနှင့် ကျန်းမာရေးအသိပညာပေးအကြောင်းအရာများကို ပြည်သူလူထုများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ပြည်သူများကမိမိတို့သိရှိလိုသည်များကိုမေးမြန်းကြရာ ပလောက်မြို့တိုက်နယ်ဆရာဝန် ဒေါက်တာ ရဲမြင့်ဟိန်းမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရ သည်။
နှင်းမြူလွင် (ပလောက်)