သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးပျိုးပင်များစတင်စိုက်ပျိုး

သံတောင်ကြီး  ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော  နှစ်ရှည်ခံသီးနှံများကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ကွမ်းသီးစိုက် ပျိုးခြင်းလုပ်ငန်းပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ  ဆောင်းတွင်း ဖြစ်သည့်ဖေဖော်ဝါရီလချိန် ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာ တွင်  ကွမ်းပင်ငယ်များဖြစ်လာကာ   မိုးရေများသော ဩဂုတ်လအချိန်တွင် ကွမ်းသီးပျိုးပင်များကို စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ဒေသခံပြည်သူများ    သည်စိုက်ပျိုးထားသည့်     ကွမ်းသီးပျိုးပင်ငယ်များ   အောင်မြင်ဖြစ်ထွန်းလာ စေရန်အတွက် စိုက်ပျိုးပြီးကွမ်းပင်ငယ်များကို (၃) လတစ်ကြိမ်ပေါင်းရှင်းပေးခြင်း၊ အလင်းရောင်ရရှိ စေရန် ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်၊ ချုံနွယ်များကို ခုတ်တွင်ရှင်းလင်းပေးခြင်း တို့ကို (၃) နှစ်အတွင်း ပြုလုပ်ပေးရသည်။  ကွမ်းပင်ငယ်များ (၃) နှစ်နှင့်အထက်ရှိလာပါက အောင်မြင်ဖြစ်ထွန်းသည့်  အပင်များဖြစ်လာပြီး (၆)နှစ် မှ(၇)နှစ်ခန့်တွင်  စတင်ပြီးအသီးသီးနိုင်ကြောင်း  ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးခရစ်ထံက သိရသည်။

နော်နော်မူ