ဝေါလေမြိုင်မြို့ အ-ထ-က(ဝေါလေမြိုင်)ကျောင်း၌ တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေး စစ်ဆေးဆောင်ရွက်

ဝေါလေမြိုင် ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အ-ထ-က(ဝေါလေမြိုင်)ကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းသူ/ ကျောင်းသားများအား တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြုဆရာမကြီး ဒေါ်အေးနန္ဒာမြင့်က ကျောင်းသူ/ကျောင်းသားများအား သွားနှင့်ခံတွင်းသန့်ရှင်းရေး၊ နားသန့်ရှင်းရေး၊ ခြေလက်သန့်ရှင်းရေးစသည့် တစ်ကိုယ်ရေသန့်ရှင်းမှုကျန်းမာရေးကို စစ်ဆေးပေးခဲ့ပြီး တစ်ကိုယ်ရေးသန့်ရှင်းမှုပညာပေးလက်ကမ်းစာစောင်များနှင့် ငှက်ဖျား ရောဂါပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဝေါလေမြိုင်မြို့ရှိ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

နှင်းဝေဦး(ဝေါလေ)