သံတောင်ကြီးမြို့နယ်တောပြာကြီးကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

သံတောင်ကြီး  ဩဂုတ် ၃၁

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်()နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအားဆုံဆို့၊   ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ (ဘီ) ဦးနှောက် အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊  ဝက်သက်-ဂျိုက်သိုး၊   ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေး ဆရာမဒေါ်ဆုသင်ဇာနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။

နော်နော်မူ