ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၅)ရက်တာ ဖွင့်လှစ်ပေး

ကော့သောင်း  ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဩဂုတ်လ(၂၈)ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင်စတင်ဖွင့်လှစ်၍ (၅)ရက်တာ သင်ပို့ချလျက်ရှိ ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ(၂၀)ဦးခန့် တက်ရောက်ကြပြီး ဆပ်ပြာရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်၊ ဖယောင်းတိုင်ပြုလုပ်နည်းနှင့် ပရုတ်ဆီပြုလုပ်နည်းများ အပါအဝင် လူသုံးကုန်ထုတ်လုပ်နည်း(၁၀)မျိုးအား ဩဂုတ် (၂၈) ရက်နေ့ မှ စက်တင်ဘာ(၁)ရက်နေ့ထိ သင်တန်းကာလ(၅)ရက်တာ နည်းပြဆရာမများဖြင့် စာတွေ့လက်တွေ့သင်တန်းပို့ချ၍ သင်တန်းသားများ လက်တွေ့လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)