ကော့သောင်း ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အမှာစကားပြောကြားပြီး၊ ခရိုင်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှဦးစီးအရာရှိ ဦးစိုးထက်အောင်က မိမိတို့ဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကော့သောင်းမြို့၊မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ(၂၀)ဦးခန့် တက်ရောက်ကြပြီး ဆပ်ပြာရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်၊ ဖယောင်းတိုင် ပြုလုပ်နည်းနှင့် ပရုတ်ဆီပြုလုပ်နည်းများအပါအဝင် လူသုံးကုန်ထုတ်လုပ်နည်း(၁၀)မျိုးအား ဩဂုတ်(၂၈) ရက်နေ့မှ စက်တင်ဘာ(၁)ရက်နေ့ထိ သင်တန်းကာလ(၅)ရက်တာ နည်းပြဆရာမများဖြင့် စာတွေ့လက်တွေ့သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)