မြဝတီ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အဆိုပါကျောင်းဝင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများနှင့် အသင်းအလိုက်အုပ်ချုပ်သူများက ကွင်းအတွင်း နေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျောင်းကောင်စီကတိသစ္စာခံယူခြင်းကို ဆောင်ရွက်ပြီး နောက်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဗိုလ်လုပွဲတွင် ဘုရင့်နောင်အသင်းက အလောင်းဘုရား အသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်အား ကစားသမားများအား တစ်ဦချင်းဆုတံဆိပ်များ၊ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ သည်။
ထိုသို့ကျောင်းတွင်ပြိုင်ပွဲများ ကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန်၊ စုပေါင်းဆောင် ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန် စသည့်ရည်ရွယ် ချက်ကောင်းများဖြင့် ဆောင်ရွက်ခြင် ဖြစ်ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)