ဟင်္သာခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်က အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့အခမ်းအနားသည် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်ပြီး ဆုချီးမြှင့်ပွဲဖြစ်ပါကြောင်းနှင့်  တိုင်းဒေသကြီးအဆင့်တွင် သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်အားထုတ် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး အဆင့်တွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရေးအတွက် ဟင်္သာတခရိုင်မှ တာဝန်ရှိသူများမှလည်း ထောက်ပံ့ အားဖြည့်ပေးသွားမည် ဖြစ်ကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲဖြစ်မြောက်အောက် အဖက်ဖက်မှ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်များအား ကျေးဇူးအထူးတင်ရှိပါကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒိုးပတ်အဖွဲ့မှ ဧည့်ခံဖျော်ဖြေမှု၊ အဆင့်မြင့်ပညာ အမျိုးဂုဏ်ဇာတ်ိဂုဏ်အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတို့မှ ဧည့်ခံဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးပြီးနောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း နှင့် ဇနီး ဒေါ်ခတ္တာထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာ စောင်းအတီးပြိုင်ပွဲတွင် အထူးဆုရရှိသူနှင့် အဆင့်မြင့်ပညာ အမျိုးသမီးအကပြိုင်ပွဲတွင် ပထမဆုရရှိသူတို့မှ ဧည့်ခံဖျော်ဖြေခဲ့ကြပြီးနောက် ဟင်္သာတခရိုင်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့်  ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)