ညောင်တုန်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်မွန်းလွဲပိုင်းက စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရာတွင် ပိုမိုကြိုးစားအားထုတ်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ ထောက်ပံသည့်ထောက်ပံ့ငွေများအား တာဝန်ရှိသူများက စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စက္ကော့)တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)