မင်းလှမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆေးဖက်ဝင်အပင်များအကြောင်း ဆွေးနွေးပို့ချ

အထက်မင်းလှ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာ အခြေခံသဘောတရားအဖြစ် ဆေးဖက်ဝင်အပင်များအကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပို့ချခြင်းကို ဩဂုတ် ၂၉ ရက်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံက တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာ အခြေခံသဘောတရားအဖြစ် ဆေးဖက်ဝင်အပင်များအကြောင်း သိကောင်းစရာဆွေးနွေးပို့ချခဲ့သည်။ ထို့နောက် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိးက ဆေးဖက်ဝင်အပင်များအကြောင်း ဆွေးနွေး‌ပို့ချပေးခဲ့သည်။ ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့်သူများက တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ကြရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသော မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အသီးသီးမှပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)