တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

တမူး သြဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က တမူးခရိုင်  လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ​ပြိုင်ပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်  ကကျောင်းသား/ ကျောင်းသူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံး ညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက် စေရန်၊  အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူ ပြိုင်ပွဲများကိုလည်း လစဥ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပရာ အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်​​​​ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်​ပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲနှင့် ဆေး​ရောင်​ခြယ် ပြိုင်ပွဲများကို ကျင်းပ​ခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့​ကြ​ပြီး တက်ရောက်လာကြ သည့် ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်း ကကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါ ပြိုင်ပွဲများကျင်းပပြုလုပ်ပေး နေသည့်အပြင် အပတ်စဥ် စာပေချစ်သူများနှင့် စာဖတ်ဝိုင်းများ၊ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့် ပြည်သူ့စာကြည့်တိုက်မှလည်း ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်း အစီအစဥ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိ ကြောင်း သိရသည်။

ရတနာ