ဥပဒေရေးရာဝန်ကြီးဌာန၏ (၂)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏(၂)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ တိုင်းဒေသကြီးဥပဒေရုံးအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဥပဒေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ အမြဲတန်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ နှုတ်ခွန်းဆက်စကား ပြောကြားခြင်းကို Video Clip ဖြင့် ပြသခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်ခင်မေဝင်းမှနှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ဥပဒေရေးရာ ဝန်ကြီးဌာန၏ (၂)နှစ်ပြည့်အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံး၊ မြို့နယ်ဥပဒေရုံးများအတွက် တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ခရိုင်ဥပဒေအရာရှိများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)