မအူပင် ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင်အဆင့် အရေးပြိုင်ပွဲအား ယနေ့ နံနက်(၁၁)နာရီက အဆိုပါ ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အရေးပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖွဲ့မှ ဦးခင်ဇော်ဝင်းက အရေးပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများ အားဖတ်ကြားရှင်းလင်းပြီး ပြိုင်ပွဲဝင်များမှ “အောင်အတိတ်လွှမ်း ငြိမ်းချမ်းအေးမြ မာရဝိဇယ “ခေါင်းစဉ်ဖြင့် အရေးပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အရေးပြိုင်ပွဲအား မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး ခရိုင် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ၊ အကဲဖြတ်ဒိုင်အဖွဲ့အဖြစ် မအူပင်မြို့နယ်မှ ဦးခင်ဇော်ဝင်း၊ ပန်းတနော်မြို့နယ်မှ ဦးမန်းထွန်းအောင်၊ ညောင်တုန်းမြို့နယ်မှ ဒေါ်သူသူဆန်း၊ ဓနုဖြူမြို့နယ်မှ ဦးအောင်မျိုးပိုင်တို့မှ ကြီးမှူးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)