ကလေး ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းများအားကို တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ကောင်းသန့်ဆီဆိုင်နှင့် အိုဆိုဆီဆိုင်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စက်သုံးဆီဆိုင်များကို စစ်ဆေးရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ စက်သုံးဆီများ၏ အရည်အသွေးကို သက်ဆိုင်ရာကုမ္ပဏီများ၏ ထောက်ခံချက်၊ စွန့်ပစ်ပစ္စည်းများနှင့် ဆီသိုလှောင်ကန်ထားရှိမှု၊ မြေအသုံးချမှုနှင့် သက်ဆိုင်ရာ အထောက်အထားများ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ကလေးမြို့၌ ဩဂုတ်၃၀ ရက်နေ့တွင် 92Ron တစ်လီတာ ၂၇၈၆ကျပ်၊ 95Ron တစ်လီတာ ၂၈၈၂ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ၂၉၅၀ကျပ်၊ဒီဇယ်(ပရီမီယံ) ၃၀၂၄ ကျပ် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)