ကြို့ပင်ကောက်မြို့တွင် ဧည့်မထဆန်များအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကြို့ပင်ကောက် ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဧည့်မထဆန်အိတ် ၅၀၀ အား ပြင်ပပေါက်ဈေးထက်သက် သာသော ဈေးနှုန်းများဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍  နွယ်ခွေရပ်ကွက် ဟံသာစိုးစံဆန်ဆိုင်နှင့် မြောက်ရွာမလမ်း ညိမ်းသုခဆန်စက်တို့တွင် ရောင်းချပေးလျက် ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စီစဉ်မှုဖြင့် ကြို့ပင်ကောက်မြို့ ဆန်စက်လုပ်ငန်းရှင်များက တစ်ရက်လျှင်ဆန်အိတ် ၂၀ အား ဆန်တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိုးစပါးမပေါ်ခင်အချိန်အထိ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြာင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)