လပွတ္တာဘုရားကြီးကုန်း ကျေးရွာရှင်စောမြတ်ဘုရားကြီးပရဝုဏ်အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ဩဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် Founder (YuKi)မှ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရှင်စောမြတ်ဘုရားကြီးပရဝုဏ်အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ကျား(၃၀) ဦးမ(၅၀)တို့ကို သွေးတိုးရောဂါ၊ ခါးနာရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လပွတ္တာခရိုင်

(ပြန်/ဆက်)