မုံရွာ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သတ်မှတ်နေရာ(၇)ခုတို့မှ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ (၁၅)ရက်နေ့ မှစတင်ပြီး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြရာတွင် ဩဂုတ်လ ၂၉ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၁၆)ဦးကို ထိုးနှံပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မုံရွာမြို့ပေါ်ရှိ ရတနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း၊ အင်းရွာသစ်၊ ပညာ့မဏ္ဍိုင်၊ BRIGHT ၊ မိုးဦးပန်း၊ အ.ထ.က(၇)၊ ကူးတို့မြောက် စသည့်နေရာ(၇)ခုရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် ကျောင်းသား(၁၀၀)ဦးနင့် ကျောင်းသူ(၁၄၄)ဦး၊ စုစုပေါင်း(၂၄၄)ဦး၊ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား(၆၄)ဦးနှင့် ကျောင်းသူ(၁၀၈)ဦး စုစုပေါင်း(၁၇၂)ဦးတို့ကို အသီးသီးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)