လပွတ္တာမြို့နယ်၌ ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

လပွတ္တာ သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်အမှတ်(၆) ရပ်ကွက်၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀း၀၀ နာရီအချိန်က ရပ်ကွက်ပြုလုပ်ခဲ့ကြသည်။

ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးအန္တရာယ်၊ ငှက်ဖျားရောဂါအကြောင်းဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း၊ အသိပညာပေး ဟောပြောပွဲနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းတို့ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမူးဦးထွန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာ ခရိုင် (ပြန်/ဆက်)