မုံရွာ ဩဂုတ် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး ဦးဆောင်သော ဝန်ထမ်းများနှင့် မုံရွာမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးနေလင်း ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်း၍ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများအား Biometric အချက်အလက်ကောက်ယူ ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများကို မုံရွာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ဇူလိုင်(၆)ရက်နေ့မှ စတင်ပြီး နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ(၂၉)ရက်နေ့အထိ လူဦးရေ(၂၂၀၈)ဦးကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုံရွာခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ကြည့်ရှုအားပေးပြီး မုံရွာမြို့နယ်အတွင်းရှိ e-ID စနစ်အား အခြေခံ၍ National Database တည်ဆောက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်ရေး အတွက် ချိတ်ဆက်ဆောင်ရွက်မည့် ပုံစံများအား လည်းကောင်း၊ e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်ရမည့် အဆင့်(၅)ဆင့်တို့ကို လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေး ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့နယ်အတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အစိုးရအဖွဲ့ဝင်များနှင့် အရာထမ်းအမှုထမ်းများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်း (န.မ.ခ)မှ အရာရှိ၊ အရာခံအကြပ်စစ်သည် မိသားစုများကို သွားရောက် ကောက်ယူပြီးစီးပြီးဖြစ်ကြောင်းနှင့် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမတွင်လည်း နေ့စဥ်ကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူလုပ်ငန်းများကို မုံရွာမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ကောလိပ်/ အခြေခံပညာ အထက်တန်း ကျောင်းများ၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အကျဥ်းထောင်နှင့် ဘုန်ကြီးကျောင်း/ သီလရှင်ကျောင်းများရှိ သာသနာ့ဝန်ထမ်းများကိုပါ ကောက်ယူပေးမည့်အပြင် ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ကောက်ယူပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)