ဒေးဒရဲမြို့၌ (၂၄) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ကဗျာလွတ် အကအဖွဲ့အား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်

ဒေးဒရဲ သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အမျိုးသားရေးစရိုက်လဏ္ခာများ မပျောက်ပျက်စေအောင် ထိန်းသိမ်းစောင့်ရှောက်နိုင် ရေးအတွက် (၂၄) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ခရိုင်အဆင့် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည့် ကဗျာလွတ်အကအဖွဲ့အား ဂုဏ်ပြုငွေများ ထောက်ပံ့ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း ကရဝိက်ခန်းမတွင် ကျင်းပခဲ့ သည်။

အခမ်းအနားတွင် (၂၄) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ခရိုင်အဆင့်ဝင်ရောက် ယှဥ်ပြိုင်မည့် ကျောင်းသူလေးများက ကဗျာလွတ် အကဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာန အသီးသီးက ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း