သံတောင်ကြီးမြို့နယ်တွင် သက်ငယ်မုဒိန်းကာကွယ်‌ရေးအသိပညာပေးနံရံကပ် စာစောင်ပြသ

သံတောင်ကြီး ဩဂုတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သက်ငယ်မုဒိန်းကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် သက်ငယ်မုဒိန်းကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀) နာရီအချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင်နေရာမရွေး၊ အချိန်မရွေး၌ မည်သူမဆို ကလေးသူငယ်များအပေါ် မုဒိန်းမှုကျူးလွန်နိုင်ကြောင်း အသိပညာပေးရန်၊ ကလေးသူငယ်များအား တစ်ယောက်တည်းအဖော်မပါဘဲပြင်ပသို့မလွှတ်ရန်၊ ကလေးသူငယ်၏ထိတွေ့ကိုင်တွယ်ရန် မသင့် လျော်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းအားတစ်စုံတစ်ဦးမှ ကိုင်တွယ်ခြင်း၊ မလျော်မကန်ပြုမှုခြင်း ဆောင်ရွက်လာပါက ငြင်းဆန်ရန်၊ အော်ဟစ်အကူအညီတောင်းရန်၊ ထွက်ပြေးရန်နှင့် ယုံကြည်ရသူတစ်ဦးဦးအား ပြောပြတိုင်ကြားရန်၊ သက်ငယ်မများ မဖြစ်ပွားစေရေးကြိုတင်ကာကွယ်ရန် နည်းလမ်းများစသည့်အကြောင်းအရာများ  အားပြသပေးခဲ့ရာကျောင်းသူ/ကျောင်းသားများ၊ ဒေသ ခံပြည်သူများက စိတ်ပါဝင်စား စွာလာရောက်ကြည့် ရှုကြကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

နော်နော်မူ