ကော့သောင်း ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဇူလိုင်(၁၇)ရက်နှင့် (၁၈)ရက်နေ့က ကော့သောင်းမြို့နယ်အတွင်း ဖြစ် ပွားခဲ့သည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့မှုများအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုမှ အမှာစကားပြောကြားပြီး ရွှေဇင်ယော်ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အေးမြကန်သာရပ်ကွက်၊ ဆယ်မိုင်ကျေးရွာအုပ်စုနှင့် မလိဝမ်းကျေးရွာအုပ်စုများအတွင်းရှိ လေဘေးသင့်နေအိမ်များ ပျက် စီးဆုံးရှုံးမှုအနည်း၊ အများအလိုက် အိမ်ထောင်စု(၃)စုအားထောက်ပံ့ငွေ(၃၀၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု(၂၂)စုအား ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်ဖြင့် အိမ်ထောင်စု (၂၅)စု အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေ(၁,၁၉၀,၀၀၀/-) အားလေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)