သာပေါင်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်း များရရှိစေရန် ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)ရောက်ရှိ စာအုပ်၊ စာစောင်များ အပ်နှံ လက်ခံလဲလှယ်ထပ်မံငှားပေးခဲ့ကြသည်။
ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် စာအုပ်စာစောင် များငှားပေးကြရာတွင် ကျောင်းသား၊ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေး နှင့်အချိန်ကုန် လူမပင်ပန်းရဘဲ စာအုပ်စာစောင်များ အဆင်ပြေချောမွေ့စွာငှားရမ်းဖတ်ရှုနိုင်ရေးတို့အတွက် သုတ/ရသစာအုပ် စာစောင်များဖြစ်သော ဝတ္ထု၊မဂ္ဂဇင်း၊ရုပ်ပြနှင့်အသိပညာ ဗဟုသုတများ စုံလင်စွာရရှိမည့် စာအုပ်များကိုအပ်နှံလက်ခံ၍ လဲလှယ်ထပ်မံငှားပေးခဲ့ကြပြီး ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားပေးလျက်ရှိကြောင်းသိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်