သာပေါင်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် ရွှေဇံအိုးကျေးရွာအုပ်စု၊ ကျားလူးကျေးရွာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်(အသားတိုးကြက်မွေးမြူရေး) ချေးငွေရယူထားသည့် အစုအဖွဲ့(၂)၏ လုပ်ငန်းခွင်သို့ ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ညနေ ၃ နာရီခွဲအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေ(၁)ဘီလီယံဖြင့် ဆောင်ရွက်နေ့ သည့် ရွှေဇံအိုးကျေးရွာအုပ်စု၊ ကျားလူးကျေးရွာတွင် ဒုတိယအသုတ်အသားတိုးကြက် ကောင်ရေ(၄၅၀၀) မွေးမြူရေး အစုအဖွဲ့(၂)၊ ဦးစောမိုက်ကယ်နှင့်(၄)ဦးတို့၏ လုပ်ငန်းတိုးချဲ့တိုးတက် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်