လပွတ္တာ သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်ဖြူကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်အဖြစ် တိရစ္ဆာန် ရောဂါ များကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ယမန်နေ့ကဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လပွတ္တာမြို့နယ် ဒေါက်တာ အောင်နိုင်သိန်းနှင့်ဝန်ထမ်းများက ကျွဲ၊ နွား၊ ဝက်များတွင် ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ကုသရေးနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်ဝန်ထမ်းများက တောင်သူများမွေးမြူထားရှိသည့် နွားများနှင့်ဝက်များကို ရောဂါကာကွယ် ဆေးများအခမဲ့ထိုးနှံခြင်း၊ နွားခြံများနှင့် ဝက်ခြံများကို ပိုးသတ်ဆေးဖျန်း ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင် ပြန်/ဆက်