ဟုမ္မလင်းမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဗီတာမင်​အေတိုက်ကျွေးခြင်းဆောင်ရွက်

ဟုမ္မလင်း ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်း​မြို့၌ ခရိုင်/မြို့နယ်မိခင်နှင့် လေးစောင့်ရှောက်ရေးအသင်းတို့က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဒေါ်လှလှခင်နှင့် ကျန်းမာရေးမှူး ဦးတင်မောင်ဝင်းတို့က အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကြက်ဥနှင့် အိုင်အိုဒင်းဆား များ ထောက်ပံ့ပေးအပ်ပြီး ကလေးသူငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)