စကုမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲကြရေး ကြည့်ရှုစစ်ဆေး

မင်းဘူး ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းအောင် သုံးစွဲကြစေရန် ရည်ရွယ်၍ စကုမြို့စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ ထုတ်ပိုး၍ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign ကို ယမန်နေ့ နံနက်(၉) နာရီက စကုမြို့မဈေးအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

အဆို လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်၊ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ စကုမြို့ စည်ပင်သာယာရေးကော်မတီနှင့် အမှုဆောင်အဖွဲ့ တာဝန်ခံ ဦးလင်းလင်းနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာများ ယူဆောင်လာရန် အသိပညာပေး ပြောကြားခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်များကို အစားထိုးသုံးစွဲကြပြီး ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေးတို့ကို အသိပညာပေးပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)