ရေဘေးအန္တရာယ်အကြောင်း အသိပညာပေး “Talk Show” ပြုလုပ်

ရေဦး ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ‌နေ့ မွန်းလွဲပိုင်းက ရေဘေးအန္တရာယ် အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက ရေဘေးနှင့် ပတ်သက်၍ အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆာမူအဲလ်က ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင် ရေးအတွက် ရှောင်ရန်ဆောင်ရန်အချက်များ၊ သဘာဝဘေးတွေ့ကြုံလာပါ က ကြိုတင်အသိပေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို အသိပညာပေး‌ ပြောကြားခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)