ပန်းတနော် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ကြီးခင်ပရဟိတအဖွဲ့နှင့် ဖြူစင်မေတ္တာပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဆွေဝင်းက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်)တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အသိပညာဗဟုသုတရရှိစေရန် စာကြည့်တိုက်တွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေခဲ့ပြီး ဒေါက်တာလင်းထက်ကိုကိုမှ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)