မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုရယူသည့် တောင်သူများတွေ့ဆုံဆွေးနွေး

ညောင်တုန်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှသွင်းအားစုရယူသည့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးကျော်စိုးက သွင်းအားစုအဖွဲ့၊ ဝယ်ယူကြိတ်ခွဲအဖွဲ့နှင့် တောင်သူအစုအဖွဲတို့၏ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက မိုးစပါးတစ်ဧက (၁၀) တင်းအထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သွင်းအားစုလုပ်ငန်းများနှင့်ပတ်သက်၍ တောင်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ရှင်းလင်း‌ပြောကြားခဲ့ပြီး ‌တက်ရောက်လာသည့်တောင်သူများက ဆောင်ရွက်ထားရှိမှုများကိုတင်ပြ၍ သိလိုသည်များကိုမေးမြန်းရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး (ပြန်/ဆက်)