အထက်မင်းလှ ဩဂုတ်၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများစုပေါင်းပြီး စားသုံးရန် ၊ သုံးစွဲရန်မသင့်သောအစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိဈေးဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်၊ သုံးစွဲရန်မသင့်သော သတ်မှတ်စံချိန်စံညွှန်းမမှီသော၊ တားမြစ်ထားသောအစားအသောက်များ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)