ပန်ဆောင် သြဂုတ်၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုက်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် လက်ဖက်၊ အလာဂျီ၊ သည်သီး၊ ကော်ဖီစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။
ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဖူးပွင့်အသီးသီးကြပြီး ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် လှိုင်လှိုင်ထွက်ရှိ၍ အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိသည်။ လက်ရှိအချိန်တွင် တောင်ယာငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ အထိရရှိကြပြီး စျေးကောင်းရရှိသည့်အတွက် ငရုတ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)