ကျွန်းစု သြဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော GENDER/ CEDAW/ NSPAW အသိပညာပေး သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျား၊ မ ရေးရာ သတ်မှတ်ချက်များနှင့် ကိစ္စများကို ပုံသေကားကျ မှတ်ယူခြင်း၊ ကျား/မ ရေးရာ တန်းတူညီမျှမှုရှိခြင်းဆိုတာ ဘာလဲ၊ အမျိုးသားနှင့်အမျိုးသမီးများ သာတူညီမျှဖြစ်မှုများ၊ အမျိုးသမီးအခွင့်အရေးများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)အကြောင်းအား အသိပညာပေး ဟောပြော ခဲ့သည်။
အဆိုပါသင်တန်းကို အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိ နားလည်စေရန်၊ လူငယ်မူဝါဒ ၏ ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မ တန်းတူညီမျှမှု ရရှိစေရေး အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် စိတ်ပါဝင်စားသူ(၅၀)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)