ရေဖြူ ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်အတွက် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးရာတွင် ရေဖြူမြိုနယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံဒေါ်တင်မာထွေးက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျင် မဆပ်သည့်တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးရန်အတွက် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်အတွင်းတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်တွင်၊ မြိုနယ် အတွင်း မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ(၇)အုပ်စုမှ တောင်သူ (၃၀၂)ဦးအားတစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက (၁၄၉၂ )ဧကအတွက် ချေးငွေကျပ်(၂၂၃၈)သိန်းကို ထုတ်ချေးပေးခဲ့ ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံ ဒေါ်တင်မာထွေးထံမှ သိရသည်။
ခတ္တာ