မအူပင် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ရာပြည့်ဆရာတော်ကြီးနှင့် မအူပင်မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအား ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ညောင်းတုန်းမြို့နယ်နှင့် မအူပင်မြို့နယ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ပုဏ္ဏမာရာမဈေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာ ရဌဂုရု၊ နိုင်ငံတော်သံဃနာယက အဖွဲ့ အကျိုးတော် ဆောင်ချုပ်(ငြိမ်း)၊ ဘဒ္ဒန္တဩသဓါဘိဝံသအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့ နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများဖြစ်ကြသည့် သိုက်ကုန်းကျေးရွာအုပ်စု၊ သာသနဓဇ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိကဘဒ္ဒန္တဉာဏဒီပ၊ မအူပင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မာရုံရွှေကျင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစိန္တာမဏိ၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့လယ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလက္ခဏ၊ အမှတ်(၁၁)ရပ်ကွက်ရှိ နန္ဒာရုံကျောင်းတိုက် ပဓါနနာယကဆရာတော် ဗဟိုသံဃဝန်ဆောင် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရ၊ အမှတ်(၁၁) ရပ်ကွက်ရှိ မှန်ပင် ကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရနှင့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာ အရှင်သူမြတ်ကြီးတို့အား ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ နံ့သာများ ကပ်လှူကြည်ညို ပူဇော်ခဲ့သည်။ ဆက်လက်၍ မြေငလျှင်ဒဏ်ကြောင့် ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား တာဝန်ရှိသူများက Power Point ဖြင့် ရှင်းလင်းတင်ပြရာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး စေတီတော် ကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)