ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ကလေး ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဆွေးနွေးပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေး သူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အန္တရာယ်ရှိသော လုပ်ငန်းများ လုပ်ကိုင်နေကြရသည့် ကလေးအလုပ်သမားများ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော အလုပ်သမားများနှင့် အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်၊ ဥပဒေများကို ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)