လောင်းလုံး သြဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား/ ကျောင်းသူများ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေများဖတ်ရှုသည့်အလေ့အကျင့်ဖြစ်စေရန်နှင့် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲများ ဆောင်ရွက်ရန်တွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပြီး သစ်သီးဂိမ်းပြိုင်ပွဲများကို ကျင်းပကာ ကျောင်းသား/ သူများက ပျော်ရွှင်စွာဖြင့် ပါဝင် ယှဥ်ပြိုင်၍ အနိုင်ရရှိသူများကို ဦးစီးအရာရှိ က ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
သိနိးသိန်း(လောင်းလုံး)