စစ်ကိုင်းမြို့ရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်း

စစ်ကိုင်း ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေမင်းဝံရပ်ကွက်နှင့် မီးရထားရပ်ကွက်ရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်း အနားကို ဩဂုတ် (၂၉) ရက်၊ နံနက် (၉) နာရီက ရွှေမင်းဝံရပ်ကွက် ဟုမ္မလင်းမှန်ပင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်တော်လှူဒါန်းပွဲသို့ ရွှေမင်းဝံရပ်ကွက် စေတနာပန်းခင်းကျောင်းဆရာတော်အမှူးပြု သောဆရာတော်များကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဆင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်ဘုရားထံမှ (၉) ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်တော် ဘုရားများထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့များက ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဆွမ်းဆန်တော်များကို လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)