မြောင်းမြ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင် ဦးစောဒန်နီရယ်၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည် ၉ ချက် တီး၍ ဖွင့်လှစ်ပြီး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒန်နီရယ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသား မောင်မယ်များက ချည်ဖြူဖွဲ့ ပစ္စည်းများ သယ်ဆောင်နေရာချထားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် နိုင်ငံတော်အကြီးအကဲများ၊ ဧည့်သည်တော်များအား ချည်ဖြူဖွဲ့ပေးပါသည်။
ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပနေချိန်အတွင်း ကရင်တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်း သီဆို၍ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)