ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ဆော အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက် ထားကြောင်း သိရသည်။

ထိုသို့ပြသထားရှိရာတွင် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ကြော်ငြာများ၊လူမှုမီဒီယာအပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်၊ရှောင်ရန် အချက်အလက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာ ပုံနှင့် ထင်မြင်ယူဆချက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက် နေထိုင်သည့် အလေ့အထများ၏ အရေးပါမှုများ အစရှိသည့် အသိပညာပေးရုပ်ပုံ စာစောင်များကို  ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသထားကြောင်း သိရသည်။

ဇော်မျိုးသန့် (ဆော)