စုကလိ အောက်တိုဘာ ၁၅
အိမ်တွင်းအကြမ်းဖက်မှု ပပျောက်စေရန်နှင့် အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများ ပိုမိုသိရှိ နိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပွားပါကဆောင်ရွက်ရမည့်ကိစ္စများ၊ အိမ်တွင်းအကြမ်း ဖက်မှု အတွက် ဥပဒေအကြံရယူနိုင်ရန် ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်များ၊ အကူအညီတောင်းခံ နိုင်သည့်ဖုန်းနံပါတ်များနှင့် အိမ်တွင်းအကြမ်းဖက်မှုမဖြစ်ပွားစေရေး စောင့်ထိန်းရမည့်အချက် အလက် များကို ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)