မင်းလှ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေအပ်ပွဲအခမ်းအနားနှင့် ဇီဝဆိုင်ရာအချက်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

မင်းလှ ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဘုရားကြီးဓမ္မာရုံ၌ ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက  ပန်းခင်းစီမံချက် -၂ ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် ဇီဝဆိုင်ရာအချက် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူးဦးကြည်သာက အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးတင်ကိုလတ်က ပန်းခင်းစီမံချက်-၂ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ပြားများ၏အသုံးဝင်ပုံ၊ ပြုလုပ်ပုံအဆင့်ဆင့်နှင့်ကတ်ပြားများကို မပျောက်ပျက်အောင်ထိန်းသိမ်းကြရန် ပြောကြားကာ စစ်ကွင်းမြို့ ရပ်ကွက်များအတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ခဲ့သည့် ဒေသခံပြည်သူ (၆၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားတတ်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြိုမိမြို့ဖများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ယူကြသူများကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)