မြန်အောင် သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်က အ.ထ.က(၁) မြန်အောင် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က(၁)မြန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေက အဖွင့်အမှာ စကားပြောကြားပြီး မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းဦးဆောင်၍ အ.ထ.က(၁)မြန်အောင် Grade-11 မှ မောင်ထင်အောင်က လူငယ်နှင့်အားကစား၊ Grade-10 မှ မမျိုးသဉ္ဇာအောင်က လူငယ်နှင့် စာပေ၊ Grade-9 မှ မသက်မြတ်နိုးက လူငယ်နှင့် မူးယစ်ဆေး၊ Grade-7 မှ မောင်ဘုန်းမြတ်မောင်က လူငယ်နှင့် ကျန်းမာရေးနှင့် Grade-6 မှ မောင်ညီလင်းထွဋ်က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်တို့ဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ ပြည့်စုံသော ကျောင်းသား/သူများဖြစ်လာစေရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)မြန်အောင်