တနင်္သာရီ ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျောက်တလုံး ကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ (ပဥ္စမ)အကြိမ်ချေးငွေထုတ်ချေးခြင်းကို ဩဂုတ်လ၂၆ရက် နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ)ဒေါ်သူဇာမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်ရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြေမအုံကျေးရွာ မတည် ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံသို့ ရန်ပုံငွေကျပ်(၂၅၀)သိန်းကို လွှဲပြောင်းပေး အပ်ကြောင်း သိရှိရသည်။
ထို့နောက် မြေမအုံကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက မြေမအုံကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၇)ဦးအတွက် ငွေကျပ်(၁၀၆သိန်း၊၂သောင်း)၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၅)ဦးအားငွေကျပ်(၇၇ သိန်း ၄ သောင်း)၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ(၃)ဦးအတွက် ငွေကျပ်(၁၆) သိန်း ၉ သောင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၁၂)ဦးအား ငွေကျပ်(၄၉ သိန်း၊ ၅ သောင်း)စုစုပေါင်းချေးငွေအောင် အသင်းသား/အသင်းသူဦးရေ စုစုပေါင်း(၅၇)အား ကျေးရွာမတည်ရန်ပုံငွေကျပ်(၂၅၀) သိန်း တိတိကို (ပဉ္စမ)အကြိမ်အဖြစ်၊ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)