သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃) ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သရက်ချောင်း   ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က) သရက်ချောင်းကျောင်း (၂၀၂၂–၂၀၂၃) ပညာသင်နှစ်အတွက် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း (ပညာရတနာ)ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ (အ-ထ-က) သရက်ချောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများက "အနာဂတ်လူရည်မွန်များ"သီချင်းဖြင့် သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက လမ်းညွှန်အမှာစကား ပြောကြားခြင်း၊ (အ-ထ-က) သရက်ချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက တာဝန်ရှိသူများနှင့် ကျောင်းသား/သူမိဘများအား ကျောင်း၏ ပညာရေးဆိုင်ရာများကို တင်ပြဆွေးနွေးခြင်း၊ (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ကို ဆရာမတစ်ဦးက ဖတ်ကြားပြီး တာဝန်ရှိသူများနှင့် ရပ်ဖိ/ရပ်ဖများ ရှေ့တွင် အတည်ပြုချက်ရယူခြင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူ မိဘများ ကိုယ်စား မိဘတစ်ဦးက အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် (၂၀၂၂–၂၀၂၃) ပညာသင်နှစ်တွင် အတန်းအလိုက်ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိ သူများက တံခွန်စိုက်ဆုများ ချီးမြှင့်ခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျောင်းသား/သူများက "ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံသစ်ဆီသို့" သီချင်းဖြင့် ဧည့်ခံ ဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)